Sunday, November 27, 2011

KIA နဲ့ ဗမာအစိုးရ တရိုတ်ပြည်မှာ တွေ့ဖို့ရှိ

expr:id='"post-" + data:post.id' >

KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မြန်မားအစိုးရကိုယ်စားလှယ်အဖွဲ့တို့ လာမယ့်ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ပြောပါ တယ်။
တွေ့ဆုံမယ့် အချိန်နဲ့ နှစ်ဖက်လူဦးရေစာရင်း ညျှိနှိုင်းဆဲ ဖြစ်တဲ့ကြောင်း၊ အရင်ကတည်းက တရိုတ်နိုင်ငံမှာ တွေ့ဖို့စီစဉ်ကြောင်း၊ အခုလည်း ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်းနေတဲ့အတွက် အဆက်အသွယ်၊ သွားရေးလာရေး လွယ်ကူတဲ့ တရိုတ်ဖက်ကို ရွေးချယ်ရပုံ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
 KIA အဖွဲ့ဖက်က အခုအကြိမ် ဆွေးနွေးပွဲမှာ ဗဟိုကော်မတီဝင်တွေ ပါဝင်မှာ ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်ဆဲရေး အပါအ၀င် နိုင်းငံရေးအရ ဆွေးနွေးမှုကိုလည်း နှစ်ဦးနှစ်ဖက် ၀ိုင်းပြီး စဉ်းစားတဲ့ သဘောဆောင်ကြောင်း ပြောပြပါသေးတယ်။
တိုက်ပွဲတွေ ကချင်ပြည်နယ်ထဲမှာ ဆက်လက်ဖြစ်ပွားနေပေမယ့် တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည် ဖော်မှာလို့ ဆိုပါသေးတယ်။ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့တော့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ပဲ မြင်ရပုံကိုပြောပြကြောင့်ဘီဘီစီသတင်းဌာနတွင် တွေ့ရသည်။

No comments: